Saturday, February 27, 2010

Firefox ကို အလှဆင်ကြရအောင်

အောက်ကပုံလေးကို ကြည့်ပါဦး သဘောကျတယ်မလား ဟီးးးးးးးးးး


သိပြီးသားလည်းရှိမှာပါ မသိသေးတဲ့ ကျနော့်မိတ်ဆွေတွေအတွက်ပါ
ကဲကြာတယ် ဒီကိုအရင်သွားလိုက်ပါ




ဒီလိုလေးပေါ်လာရင် ကိုယ်ကြိုက်တဲ့ ပုံလေးကိုရွေးပြီးနှိပ်လိုက်ပါ



ဒီလိုလေးဖြစ်သွားရင်တော့ Wear this Persona ဆိုတဲ့ ခလုပ်လေးကို နှိပ်လိုက်ပါ
ကိုယ့် firefox logo လှလှလေးကိုတွေ့ရပါပြီဗျာ



ကဲအားလုံးပဲ စိတ်ချမ်းသာပျော်ရွှင်ကြပါစေ ခင်ဗျာ . . . .

Source : ဟိန်းနီ




iColor Folder



ပုံမှာ မြင်ရတဲ့အတိုင်း Windows XP ရဲ့ Folder လေးတွေကို color ပြောင်းချင် ရင်တော့ iColorFolder ကို အသုံးပြု လိုက်ပါ။ အလွယ်တကူ ပြောင်းလို့ ရတာကို တွေ့ရပါ လိမ့်မယ်။ iColorFolder install လုပ်ပြီးရင် Skin ရွေးခိုင်းပါလိမ့်မယ်။ နမူနာလဲ ပြတားပါတယ်။ ကိုယ်နှစ်သက်ရာ ရွေးလိုက်ပါ။ နောက်ရွေးပြီး ရင် အရောင် ပြောင်းချင်တဲ့ Folder ကို Right Click နှိပ်ရင် ပေါ်လာတဲ့ Menu အတွင်း အပေါ်ဆုံး ကနေ (၄)ခု မြောက်လောက်မှာ color label ဆိုတာကို ဆက်ဖွင့်ရင် အရောင်မျိုးစုံ တွေ့ရပါမယ်။ အဲဒီမှာ အပေါ်မှာရှိတဲ့ custom ကို ဖွင့်ရင်တော့ skin ကိုပါ တပါတည်း ပြောင်းလို့ရမှာဖြစ်ပါတယ်။အောက်မှာ ပေးထားတဲ့ Additional skins ကို ယူပြီး ဆက် install လုပ်ပေးခြင်းအားဖြင့် Skin အမြောက်အများကို ပြောင်းလဲ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Freeware ဖြစ်ပါတယ်။

Download software
Download additional Skins

Source : ကိုဖြိုးရဲ့ Software မှတ်စုများ

Friday, February 26, 2010

Microsoft Windows တွေမှာ မြန်မာလို ပါဝင်ဖို့ ကိုယ်တိုင်ပါဝင်တောင်းဆိုမယ်



နောက်ပိုင်းအသစ်ထွက်မည့် Microsoft Windows operating systems တွေမှာ Myanmar language တစ်ခုအနေနဲ့ ထည့်သွင်းပေးရန် Microsoft ကော်ပိုရေးရှင်းသို့ စာဖြင့်စုပေါင်းပေးပို့ တောင်းဆိုမည့် အစီအစဉ် တစ်ခုအား Myanmar's NET မှ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

လူဦးရေ ၅ သိန်းကျော်ရှိသည့် ဘာသာစကားကို Microsoft Windows တွင် ထည့်သွင်းပေးရမည် ဆိုသော official policy ရှိသဖြင့် ထိုအချက်ပေါ်မူတည်ပြီး Mr Bill Gates နှင့် Mr Steve Ballmer တို့ထံသို့ စာပို့တောင်းဆိုသွားမည် ဖြစ်သည်။ Microsoft ဌာနချုပ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလူမျိုးများမှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Microsoft Windows ကွန်ပြူတာအသုံးပြုသူ လူဦးရေ ၅ သိန်းကျော်မက ရှိသော်လည်း အမေရိကန်မှ မြန်မာနိုင်ငံကို စီးပွါးရေးပိတ်ဆို့ထားမှုကြောင့် မြန်မာနိုင်ငံကို software မရောင်းရသဖြင့် မြန်မာဘာသာ ထည့်သွင်းရန် မလိုဟု Microsoft မှ ခံယူထားကြောင်း Myanmar's NET စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတတ်ပြီး နိုင်ငံတကာကို ယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systems ထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့အတွက် လက်မှတ်ဝိုင်းဝန်းရေးထိုး ကူညီပေးနိုင်ရန် အောက်ပါလင့်သို့ သွားရောက်နိုင်ကြောင်း ဖော်ပြလိုက်ပါသည်။

Link

Thursday, February 25, 2010

အင်တာနက်စုစည်းမှု သီချင်းခွေအတွင်းမှ သတိပြုရမည့် ဗိုင်းရပ်စ် အကြောင်း



အင်တာနက် စုစည်းမှု ဆိုတဲ့ DVD ခွေထဲအတွင်းတွင် ပါဝင်သည့် PRO.BAT ဆိုတဲ့ ဖိုင်လေးဟာ Windows စတင်ရန် အတွက်
အဓိကကျတဲ့ file များကို ဖျက်ပစ်ပါတယ်။ Windows တက်ရန်အတွက် လိုအပ်တဲ့ Batch File လေး တစ်ဖိုင် ထည့်သွင်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ Batch File အလုပ်လုပ်ရန်အတွက် Autorun.inf ဖိုင်လေးပါ တွဲလျှက်ထည့်ထားပါတယ်။ ထို့ကြောင့် ကွန်ပျူတာကို autorun မပိတ်ထားတဲ့ စက်များမှာ ယင်း file ရဲ့ ဖျက်ဆီးမှုကို ခံရပါမယ်။ ထို့ပြင် My computer တွင် သွား၍ ဖွင့်ပါကလည်း Autorun ကြောင့် shutdown ကျသွားပါလိမ့်မယ်။ ယင်းအခြေအနေမျိုးတွင်တော့ လုံးဝ နောက်ကျသွားပါပြီ။ ယင်းကဲ့သို့သော လုပ်ဆောင်ချက်များသည် ဟိုယခင်နှစ်များအတွင်းက တစ်ဘ၀လုံး ချစ်မယ့်သူ ဆိုတဲ့ အခွေအတွင်းမှ လုပ်ဆောင်ချက်များ အတိုင်းပင်ဖြစ်သည်။ ဒီခွေရဲ့နာမည်ကိုတောင် တစ်ဘ၀လုံးကို ဖျက်မယ့်သူ လို့ ကွန်ပျူတာသမားတွေက ခေါ်ဆိုသမုတ်ခဲ့ကြပါတယ်။ ကွန်ပျူတာဆိုသောအရာကလည်း Multimedia ဘက်စုံသုံး တစ်ခုပင် မဟုတ်ပါလော။

ဒါ့ကြောင့် ဒီခွေထဲမှာ ပါဝင်တဲ့ တိုက်ခိုက်မှု မခံရစေရန်အတွက် ပထမဦးစွာ
- ကွန်ပျူတာကို autorun ပိတ်ထားပေးရပါမည်။
- ယင်း autorun ကို ပိတ်ရန်အတွက် gpedit.msc နဲ့ ၀င်ရောက်ပိတ်ပေးရပါမယ်။ Win + R >> gpedit.msc >>Computer Configuration >> Adminstratic Templates >> System >> Double Click Trun Off Autoplay (In Right Side) >> Disable >> Ok
- Autorun ပိတ်ထားပြီးပါက ခွေကို စက်တွင်ထည့်ပြီး My computer ကို double click နှိပ်ပါ။
-ပြီးတော့ အပေါ်ဘက် Standard buttons bar ပေါ်က Folders ဆိုတဲ့ အ၀ါရောင်အတုံးလေးပေါ်တွင် Click တစ်ချက်နှိပ်ပေးပါ။ အထက်ပါ ပုံစံအတိုင်း Explorer View ဖြင့် မြင်ရပါမည်။ ဒါဆိုရင် သီချင်းများကို ဖွင့်၍ ရသွားပြီပေါ့။

- အောက်ဆုံးက ယင်း File (၅)ဖိုင်ကိုတော့ အထူး သတိပြု၍ ရှောင်ကြရပါမည်။ အကယ်၍ သင့်အနေဖြင့် ဒီဖိုင်လေးက ဘာတွေကို သွားဖျက်ပါလိမ့် လို့ သိချင်ခဲ့ပါက PRO.BAT ဆိုတဲ့ ဖိုင်ပေါ်တွင် Right Click တစ်ချက်နှိပ်လိုက်ပါ။ ပြီးတော့ Edit ကို ရွေးပြီး ကြည့်နိုင်ပါတယ်။ Double Click တော့ မနှိပ်လိုက်နဲ့နော်။


Windows ကို ထိသွားခဲ့ပြီဆိုရင်လည်း ပြင်ဆင်နည်းကို myanmaritmen ရဲ့ website တွင် ရေးသား ချက်များကို လေ့လာဖတ်ရှုကြည့်နိုင်ပါသည်။

Knowledge Is Free မှတဆင့်ဖော်ပြသည်။

Black Device For Keyboard

Device လေးအကြောင်းပါ ..အင်တာနက် ကဖေးတွေမှာ အသုံးပြုကြတဲ့ user တွေ သတိထားနိုင်ဖို့ရည်ရွယ်ပါတယ် ..အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက်ရှိပါတယ်။အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့်ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာမသုံးပါနှင့်တော့။ အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှအားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှကိုယ်ရေးကိုယ်တာအချက်အလက်တွေ အားလုံးခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ် ၊ဘဏ် စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့နိုင်ငံတွေမှာတော့ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့ မကူးခင်အင်တာနက်ဆိုင် တွေမှာ သုံးရင်သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။ဒီ Black Device ကို နိုင်ငံ အချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊လေဆိပ်တွေနဲ့ အင်တာနက်ကဖေးတွေမှာ အများအားဖြင့် သုံးကြတယ်။မြန်မာနိုင်ငံမှာတော့ အင်တာနက်ကဖေးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှသုံးပေါ့၊ သေချာအောင် ပုံပါထည့်ပေးလိုက်တယ်။


(မှတ်ချက်=ဘလော့တစ်ခုမှာတွေ့လိုက်လို့ယူပြီးတင်ဖြစ်သွားတာပါစာရေးသူသိရင် လည်းခွင့်လွှတ်စေချင်ပါတယ်)

Wednesday, February 24, 2010

Key Logger အကြောင်းသိကောင်းစရာ

အခုတစ်လော ကျင့်ဝတ်သိက္ခာမရှိတဲ့ Cyber Café တွေက ကွန်ပျူတာတွေမှာ Keylogger program တွေ တင်ထားပြီး user တွေ ကြည့်သမျှ Site တွေရဲ့ Screenshot တွေ၊ Keystrokesတွေကိုခိုးယူမှုတွေအတော်လေးများပြားလာပါတယ်။ အဲဒါကြောင့် အဲဒီ Keylogger ရန်ကနေ ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာကိုလက်လှမ်းမီသလောက်စဉ်းစားပြီးတင်လိုက်ပါတယ်။

Keylogger ဆိုတာဘာလဲ

Keylogger ဆိုတာကို ကြားဖူးခဲ့တာ ကြာပါပြီ။ မျိုးစုံး စမ်းကြည့်ဖူးပါတယ်။ Keylogger ဆိုတာ Program တစ်ခုဖြစ်ပြီး နောက်ကွယ်ကနေ ကျွန်တော်တို့ Keyboard ပေါ်မှာ ရိုက်သမျှ စာတွေကို ဖမ်းယူထားပါတယ်။တစ်ချို့Keyloggerတွေကတော့ တစ်မိနစ်တစ်ကြိမ် စသဖြင့် Monitor မှာ ပေါ်သမျှကို ဖမ်းပြီး ဖိုင်တွေအဖြစ် သိမ်းဆည်းပေးနိုင်ပါတယ်။ Function စုံတဲ့ Keylogger ဆိုရင် ဖမ်းရသမျှကို ဘယ် Email ကို ဘယ်အချိန်မှာ ပို့ပါလို့တောင် ခိုင်းထားလို့ရပါသေးတယ်။

ကွန်ပျူတာဟာ Keylogger ထည့်ထားမှန်း ဘယ်လိုသိနိုင်မလဲ

တော်ရုံတန်ရုံနဲ့တော့ မသိနိုင်ဘူးလို့ ပြောရပါ့မယ်။ အဲဒီ Program တွေဟာ Taskbar မှာလည်းမပေါ်ပါဘူး။ Tray Icon Area မှာလည်း မပေါ်ပါဘူး။ Install လုပ်တဲ့သူကိုယ်တိုင်တောင် ပြန်ဖွင့်ချင်တဲ့အခါ Install လုပ်စဉ်က သတ်မှတ်ခဲ့ရတဲ့ Hot Key နဲ့ ဖွင့်ရပါတယ်။ ဥပမာ- Ctrl+Alt+P စသည်ဖြင့်ပါ။
ဒါပေမဲ့Keyloggerထည့်ထားတယ်ဆိုရင်စာရိုက်တဲ့အခါချက်ချင်းမပေါ်ပဲလေးနေတာတို့၊Screen
ဟာတိကျတဲ့အချိန်အပိုင်းအခြားတစ်ခုစီမှာ ဖျက်ကနဲ လှုပ်သွားတာတို့ ဖြစ်တတ်ပါတယ်။
သေချာတဲ့ နည်းတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ Task Manager ကို ဖွင့်ပြီး ကြည့်တဲ့နည်းပါ။ Task Manager မှာ Processes ဆိုတဲ့ Tab ပါတာ အားလုံးသိမှာပါ။ အဲဒီမှာ ကွန်ပျူတာ လက်ရှိ run နေတဲ့ Processesမှန်သမျှပေါ်ပါတယ်။ ဥပမာ- ကျွန်တော်တို့ Firefox ကို ဖွင့်ထားတယ်ဆိုရင် firefox.exe ကို အဲဒီမှာ တွေ့မှာပါ။Processes Tab မှာက အဲဒီလို Process နာမည်လေးတင် မကပဲ အဲဒီ Process ကို user က run တာလား၊ System က runတာလား၊CPU သုံးစွဲမှု ဘယ်လောက်ရှိသလဲ၊ Memory သုံးစွဲမှု ဘယ်လောက်ရှိသလဲ အဲဒါတွေကို Column လေးတွေ ခွဲပြီး ပြပေးထားပါတယ်။
ဒါမျိုးပါ

Image Name User Name CPU Mem Usage
Firefox.exe Ko Thurein 01 29072k

အဲဒါကိုကြည့်လိုက်မယ်ဆိုရင် KoThureinaccount ကိုသုံးပြီး Firefox ကို ဖွင့်ထားတယ်ဆိုတာသိနိုင်ပါတယ်။အဲဒီမှာ System က run နေတဲ့ process ဆိုရင်တော့ ဒါမျိုး ပေါ်ပါလိမ့်မယ်။

Image Name User Name CPU Mem Usage
Winlogon.exe System 00 3207k

Keylogger တော်တော်များများရဲ့ Process တွေဟာ ဒီမှာ လာပေါ်တတ်ပါတယ်။ Usernameမှာလည်းSystemနဲ့မဟုတ်ဘဲ လက်ရှိ ကိုယ်သုံးနေတဲ့ account နာမည်နဲ့ run ပါတယ်။ အဲဒီ Process ကို ပိတ်လိုက်မယ်ဆိုရင် အဲဒီ Keyloggerဟာ အလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။
အဲဒီတော့ ကိုယ်လက်ရှိသုံးနေတဲ့ Program ရဲ့ Process မဟုတ်ဘူးဆိုရင် အဲဒီ Process ကိုပိတ်ပစ်တာအကောင်းဆုံးပါပဲ။ အောက်မှာတော့ အသုံးများတဲ့ Program တွေရဲ့ Process နာမည်တွေ ရေးထားပါတယ်။

Mozilla Firefox firefox.exe
Internet Explorer iexplore.exe
Google Chrome chrome.exe
Gtalk googletalk.exe
Internet Download Manager IDMan.exe

ဒါမျိုးလေးတွေ သိထားပြီဆိုရင် Task Manager ကို ဖွင့်ပြီး Process Tab မှာ ကိုယ်သုံးနေတဲ့ Program ရဲ့ Process မဟုတ်တဲ့ဟာတွေ့ရင် ပိတ်ပစ်လိုက်ပါ။ ပိတ်နည်းကတော့ အဲဒီ Process နာမည်ပေါ်မှာ Right Clickနှိပ်ပြီးEndProcess ကို ရွေးလိုက်ပါ။
အကောင်းဆုံးကတော့ အင်တာနက်ဆိုင်က ကွန်ပျူတာမှာ ထိုင်လိုက်တာနဲ့ Task Manager ကို ဖွင့်ပြီး System က run နေတာမဟုတ်တဲ့ Process မှန်သမျှကို ကြိုပိတ်ပစ်တာက ဘေးအကင်းဆုံးပါပဲ။ အဲဒီ Process Tab မှာ System က run တဲ့ Process ရယ်၊ User က run တဲ့ process တွေကို ခွဲမြင်နိုင်ဖို့အတွက် အပေါ်က UserName ဆိုတဲ့ Column Header မှာ တစ်ချက်နှိပ်လိုက်ရင် ခွဲပြီး စီပေးသွားမှာပါ။ အဲဒီမှာ Username မှာ System, Network Service နဲ့ Local Service နဲ့ run တဲ့ Process ကလွဲလို့ ကျန်တဲ့ Process မှန်သမျှ အကုန် ပိတ်ပါ။ တစ်ခုတော့ရှိပါတယ်။ explorer.exe နဲ့ userinit.exe processes တွေကိုတော့ လုံးဝမပိတ်ပါနဲ့။
နောက်ထပ် အိမ်သုံး၊ ရုံးသုံးကွန်ပျူတာ ကိုင်သူများအနေနဲ့ Antivirus Program ရဲ့ Process ကိုလည်း မပိတ်သင့်ပါဘူး။ (မဟုတ်ရင် ကွိသွားမှာပေါ့) Kaspersky သုံးတဲ့သူဆိုရင် avp.exe ဆိုတဲ့ Process ကို မပိတ်ရပါ။
ဒါပေမဲ့ Internet Café တော်တော်များများမှာက User အင်တာနက်သုံးတဲ့အချိန်ကို မှတ်တဲ့ Software တွေ တင်ထားကြပါတယ်။ ဥပမာ- CafeZee, HandyCafe, CafeSuite စသည်ဖြင့်ပေါ့။ အဲဒီ Software တွေမှာလည်း သူတို့ Process တွေ ရှိတာပေါ့။ အဲဒီ Process တွေကို ပိတ်လိုက်မယ်ဆိုရင်တော့ အင်တာနက်သုံးတဲ့အချိန်ကို အဲဒီ Software က မမှတ်နိုင်တော့ပါဘူး။ (ထိုနည်းကို မေးမြန်းခြင်း သည်းခံပါ) ဒါကြောင့် သူတို့ကလည်း ကာကွယ်တဲ့အနေနဲ့ အဲဒီ Software တွေကို တင်လိုက်ပြီဆိုရင် Task Manager ကို ဖွင့်မရအောင် လုပ်ပစ်တတ်ကြပါတယ်။ အဲဒီလို အခြေအနေမျိုးကို ကြုံရပြီဆိုရင်တော့ တခြား Software တွေကို သုံးပြီး Process တွေ သိအောင် လုပ်ရပါတော့မယ်။ Taskkill တို့ ProcessExplorer တို့ကတော့ တော်တော် ကောင်းပါတယ်။ အဲဒီ Program တစ်ခုခုကို MemoryStick ထဲမှာ ထည့်ထားတာတို့၊ ဒါမှမဟုတ် Online Drive တစ်ခုခုမှာ ထည့်တာပြီး Task Manager ပိတ်ထားတဲ့ စက်မှာထိုင်ရပြီဆိုရင် ကောက်ဖွင့်ပြီး ဘာ Process တွေ run နေလဲဆိုတာ ကြည့်ရမှာပါ။ လုံးဝ သတိပြုရမှာက အင်တာနက်ကို လုံးဝ မသုံးသေးခင် ကြည့်ပါ၊ မသင်္ကာတာ တွေ့ရင် ပိတ်ပစ်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

(မှတ်ချက်- Username မှာ System အနေနဲ့ run နိုင်တဲ့ Keylogger ကို မတွေ့ဖူးသေးပါဘူး။ တကယ်လို့များ စာဖတ်သူထဲက တွေ့ဖူးထားတဲ့သူများရှိရင် အများအတွက် Comment ပေးခဲ့ပါဦး)

ဒီရက်ပိုင်းထဲမှာ password ခိုးယူတဲ့အသံတွေပြန်ကြားနေရလို့ MyanmarITMen ကနေကူးယူဖော်ပြလိုက်တာပါ။

Tuesday, February 23, 2010

Njstar ဆိုတဲ့ Software လေး

ကိုသံလုံငယ်ရဲ့ ပို့စ်မှာတွေ့လိုက်မိတယ်။ Windows မှာ Zawgyi Keyboard နဲ့ Font တင်နည်းလေးပါ။မြန်မာလိုကတော့ရှေ့က အကိုတွေ ပြောသွားလို့ တော်တော် အဆင်ပြေနေကြမှပါ အခု ကျွန်တော်ပြောမှာက njstar ဆိုတဲ့ software လေးပါ။ သူက Japan,Chinese,Koera Keyboard တွေကိုပေါင်းထည့်စရာမလိုပဲနဲ့ install လုပ်ထားရုံနဲ့သုံးနိုင်ပါပြီ။(အရင်ဆုံး install လုပ်လိုက်ပါ။ Desktop ပေါ်မှာ icon လေးရောက်နေပါမယ်။)အသုံးပြုပုံကတော့ Desktop ပေါ်က Njstar Icon ကို Double Click လိုက်တာနဲ့ Tray မှာIconလေးရောက်နေပါမယ်။အဲဒီ Icon လေးကို RightClick ထောက်ပြီးကိုယ်ကြိုက်တဲ့ Language ကိုရွေးပေးရုံပါပဲ။ Zawgyi တုန်းက Ctrl+Shift ပြောင်းသလို Ctrl+Space နဲ့ပြောင်းပေးရပါမယ်။ လိုချင်တယ်ဆိုရင်တော့
ဒီမှာ ယူလိုက်ပါ။ကဲ...ဒီလောက်ဆိုရင်အဆင်ပြေမယ်ထင်ပါတယ်။

ကိုယ့်ရဲ့ Site မှာ FeedBurner ထည့်နည်း

feedburner_logoဘလော့တွေမှာ subscribe လုပ်တာကိုတွေ့ဖူးမှာပါ။ မိမိ Email ကို ဖြည့်ပေးပြီး subscribe လုပ်ပေးရင် အဲဒီ ဘလော့မှာ ပိုစ့် အသစ်တင်တိုင်း မိမိ မေးလ် ကို ပို့ပေးတဲ့ စနစ်ပါ။ Google FeedBurner ကို သုံးပြီးပြုလုပ်ထားပါတယ်။ ကျနော် အောက်မှ Feedburner လုပ်ပုံ လုပ်နည်း အဆင့်ဆင့် ကို ရေးပေးသွားပါမယ်။

၁။ ပထမဆုံး FeedBurner ကိုသွားပါ။ Email နေရာမှာ မိမိ ဘလော့ ရဲ့ Mail address ကိုထည့်ပြီး login ၀င်ပါ။

၂။ FeedBurner ရဲ့ Page ကို ရောက်သွားပါလိမ့် မယ်။

၃။ Burn a feed right this instant. Type your blog or feed address here: ဆိုတဲ့ နေရာမှာ မိမိ ဘလော့ ရဲ့ Address ကို ရေးပေးပါ။ ပြီးလျှင် Next.

၎။ Blog Title ကိုဖြည့်ပေးပြီး Next နဲ့ပဲ ဆက်သွားလိုက်ပါ။

၅။ မိမိ ပေးထားတဲ့ Title နဲ့ Page ကိုရောက်သွားပြီ ဆိုရင် Publicize Tab ကိုသွားပါ။ နောက် Email Subscriptions ဆိုတဲ့ Link ကိုသွားပါ။ ရောက်သွားရင် Activate လုပ်ပေးလိုက်ပါ။ Code တွေရလာပြီဆိုရင် ကော်ပီ ကူးပြီး မိမိ ဘလော့ ရဲ့ Widgets ကိုသွားပါ။ Sidebar မှာ Text အသစ်ထည့်ပေးပြီး Paste လုပ်ပေးလိုက်ပါ။ အဲဒါဆိုရင်တော့ GoogleFeedburner ကပြည့်စုံသွားပြီလို့ထင်ပါတယ်။

source:mmitblog