Showing posts with label Photoshop. Show all posts
Showing posts with label Photoshop. Show all posts

Wednesday, June 5, 2013

Brush For Photoshop


ဒီတစ်ခါတော့ brush လေးတွေဖြစ်ပါတယ်။ပုံကိုမြင်ရုံနဲ့ကြိုက်မယ်လို့ထင်ပါတယ်။
 ထွေထူးပြီးမပြောတော့ပါဘူး။လိုချင်သူများ အောက်ပါနည်းလမ်းများအတိုင်းအသုံး
 ပြုနိုင်ပါတယ်။

 အသုံးပြုနည်းလမ်းညွန်

 ၁.ဒေါင်းလုပ် လုပ်၍ ရလာသော ဖိုင်ကို ဖြည်လိုက်ပါ။

၂.abr extension နှင့် ဖိုင်များကို ကော်ပီကူးပြီး
 (eg : C:\Program File\Adobe\Photoshop CS \ Present\Brush ဖိုလ်ဒါ ထဲသို့သွားပြီး
  paste လုပ်ပါ။

 ၃.photoshop ဖွင့်ပြီး F5 ကိုတစ်ချက် နှိပ်လိုက်ပါ။ (brush box ကျလာပါမယ်)

၎.brush palette ညာဘက်ဘေးနားရှိ မျဉ်းသုံးကြောင်းနှင့် တြိဂံပုံငယ်ကို ကလစ်လိုက်ပါက
မိမိထည့်လိုက်တဲ့Brush နာမည်များတွေ့ရပါလိမ့်မယ်။

 ၅.ထိုနာမည်များထဲမှ မိမိကြိုက်နှစ်သက်ရာတခုကိုရွေးချယ်ပြီး ကလစ်ပါက box တခုကျလာပါမည်။

 ၆.Append ကို ရွေးပေးပါ။

 ၇.ပုံတစ်ပုံကို ရွေးချယ်ပြီး Tool box မှ brsuh tool ကိုရွေးချယ်ကာ ထိုပုံပေါ်ကိုကလစ်ကြည့်ပါ။ opacity ,
master diameter တို့ချိန်ညှိကာ မိမိစိတ်ကြိုက်ပြင်ဆင်နိုင်ပါပြီ။
(အခြားသော bursh များကိုလည်း အထက်ပါနည်းအတိုင်းထည့်ယူရပါမည်)


Download Link

Brush Collection


Brush Collection

Text Style For Photoshop


Text Style တွေကို ကြည့်ပြီး ပုံတုံးတုံးကြီးတွေလို့ မထင်လိုက်ပါနဲ့။ မိမိစိတ်ကူးရှိသလောက် ပြန်လည်ပြင်ဆင်ပြီးအကောင်းဆုံးအဖြစ်ပြု
လုပ်နိုင်ပါတယ်။မသုံးတတ်သူတွေအတွက်ကလည်း အသင့်သုံးဖြစ်လို့
 မိမိအကြိုက်တွေ့ရာပုံစံများကိုရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။


 အသုံးပြုနည်းလမ်းညွန်

၁.ဒေါင်းလုပ် လုပ်၍ ရလာသော ဖိုင်ကို ဖြည်လိုက်ပါ။

၂.ASL extension နှင့် ဖိုင်များကို ကော်ပီကူးပြီး
(eg : C:\Program File\Adobe\Photoshop CS \ Present\Style
 ဖိုလ်ဒါ ထဲသို့သွားပြီး paste လုပ်ပါ။

 ၃.photoshop ဖွင့်ပြီး windows မှ styles ကို check mark ဖြစ်အောင်
 တစ်ချက် ကလစ်ပါ။ (check mark ဖြစ်ပြီးပါက ကလစ်စရာမလိုပါ)

၎.style palette ညာဘက်ဘေးနားရှိ မျဉ်းသုံးကြောင်းနှင့် တြိဂံပုံငယ်ကို
ကလစ်ကိုက်ပါက မိမိထည့်လိုက်တဲ့ test style နာမည်များတွေ့ရပါလိမ့်မယ်။

၅.ထိုနာမည်များထဲမှ မိမိကြိုက်နှစ်သက်ရာတခုကိုရွေးချယ်ပြီး ကလစ်ပါက
box တခုကျလာပါမည်။

 ၆.Append ကို ရွေးပေးပါ။

၇.မိမိပြောင်းလိုသော စာသားကိုရွေးချယ်ထားပြီး text style တခုခုကို ကလစ်
ကြည့်ပါ။ပြောင်းလဲသွားပါလိမ့်မည်။

Download Link

Test Style

Tuesday, June 4, 2013

Noise Ninja 2.4.1 For Photoshop


ကျွန်တော် ဓါတ်ပုံရိုက်တာပဲ ၀ါသနာပါတာပါ။ဓါတ်ပုံပြင်တာကိုတော့သိပ်ပြီးစိတ်မ၀င်စားခဲ့ပါဘူး။ဒါပေမယ့် တစ်ခုခုကိုလိုချင်ရင် မရမချင်းရှာတတ်ပါတယ်။ အခုလည်း ကျွန်တော်က ဓါတ်ပုံသိပ်ပြီးမပြင်တတ်တော့
plug - in သုံးပြီးပြင်ဖို့ ရှာနေရင်းတွေ့လာတာလေး မျှဝေချင်ပါတယ်။အဲဒါကတော့ ဓါတ်ပုံသမား တိုင်းလက်စွဲ သုံးတဲ့ Noise Ninja ဆိုတာလေးပါပဲ။ဓါတ်ပုံသမားတွေအတွက် ထွေထူးပြီးပြောဖို့မလိုလောက်ပါဘူး ။ပြောနေ တာကြာပါတယ်................ လိုချင်သူများအောက်မှာ ယူထားလိုက်ကြပါ။နောက် ပို့စ်တွေမှာလည်း photoshop
နဲ့ ပတ်သက်တဲ့ plug - in,brush နှင့် text style များကို လည်း အသုံး ပြုနည်းများနဲ့ တင်ပေးသွားပါ့မယ်။

Download Link

Noise Ninja