Saturday, June 15, 2013

အသိပေးလွှာ

ဘလော့သို့လာရောက်လည်ပတ်ကြသောမိတ်ဆွေအပေါင်းတို့ခင်ဗျာ.............

Connection အခက်အခဲကြောင့် ရက်အနည်းငယ်မျှ Post များတင်ပေးနိုင်ခြင်းရှိလိမ့်မည်
မဟုတ်ကြောင်းအသိပေးအပ်ပါသည်။

Wednesday, June 12, 2013

System Information Viewer 4.09

မိမိကွန်ပျူတာရဲ့ အချက်အလက်တွေကို အသေးစိတ်သိနိုင်တဲ့ Application လေးပါ။

OS Version
Processor
RAM
Computer Name
Workgroup Name
Current Date And Time
Temperature      စသည်တို့ကို  install လုပ်စရာမလိုပဲ  Double Click ရုံဖြင့်သိနိုင်ပါပြီ။
 

Download Link


System Information Viwer


Tuesday, June 11, 2013

How To Add Send To

ဒီပို့စ်လေးက အားလုံးအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်။အချိန်ကုန်သက်သာစေမယ့်နည်းလမ်း
လေးပေါ့။ကျွန်တော်တို့ Memory Stick ထဲကို ကွန်ပျူတာကနေ တခုခုကူးချင်တယ်ဆိုပါစို့။ကူးချင်
တဲ့ဖိုင်ကို Right Click ထောက်ပြီး Send To ဆိုရင်  ကျွန်တော်တို့ရဲ့ Memory Stick ကို ရွေးပေးလိုက်
ရင် ရောက်သွားပြီပေါ့နော်။အဲဒီလိုပဲ Send To ကနေပို့ချင်ပေမယ့်  ကိုယ် ပို့ချင်တဲ့နေရာကမပါဘူးဆိုရင်
ဘယ်လိုလုပ်မလဲ။လွယ်လွယ်လေးပါ။

1.Windows Key + R ကို နှိပ်လိုက်ပါ။
2.ပေါ်လာတဲ့ Run Box မှာ အောက်ကအတိုင်းရိုက်လိုက်ပါ။
   shell:sendto
3.ဒါဆိုရင် Send To Folder ထဲကို ရောက်ပါပြီ။
4.အဲဒီ Folder ထဲက  လွတ်တဲ့နေရာတခုမှာ Right Click ထောက်ပြီး
   New > Shortcut >Browse ကနေ မိမိထားလို့တဲ့ နေရာကို ရွေးပေးလိုက်ပါ။

အပေါ်ကအဆင့်တွေအတိုင်းပြီးသွားပြီဆိုရင်တော့ ဖိုင်တခုခုကိုထောက်ပြီး Send To ကို ကလစ်ကြည့်
လိုက်ပါအုံး။မိမိလိုချင်တဲ့နေရာလေး Send To ထဲမှာရောက်နေပြီလားလို့။

အော် ..... ဖိုင်တခုခုကိုရွေးပြီး ၊ Shift Key ကိုဖိထားပြီး Send To ကို နှိပ်ကြည့်ပါအုံး။ဘာတွေများထပ်
တိုးလားသေးလဲ မိတ်ဆွေတို့..........
အပေါ်မှာမြင်ခဲ့ရတဲ့ပုံထဲကလို ပေါ်လိမ့်မယ်နော်။

Sunday, June 9, 2013

Graffiti Studio 2.0

  
 

ကွန်ပျူတာလိုင်းနဲ့တော့မဆိုင်ဘူးဆိုပေမယ့် ဆိုင်တယ်လည်းပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့
ကွန်ပျူတာနဲ့သုံးရတော့ဆိုင်တာပဲမဟုတ်လား :P ။ Hip Hop ကို ရူးသွပ်သူတွေတော့ ကြိုက်မယ်
လို့ထင်ပါတယ်။Connection အခက်အခဲကြောင့် ကိုယ်တိုင် upload မတင်နိုင်လို့ သူများတင်ပြီးသား
Link ကိုပဲညွှန်းပါရစေ။26 MB နဲ့ 4 MB နှစ်မျိုးတွေ့ပါတယ်။အသုံးပြုမယ့်သူများကလည်း ဘယ်ဟာ
က ပိုပြီးအဆင်ပြေတယ်ဆိုတာ ကွန်မန့်လေး ပြန်ပေးခဲ့ပါအုံး။သိထားတော့ မေးလာရင်ဖြေနိုင်အောင်
တာပေါ့။ကျွန်တော်ကတော့ လိုင်းမကောင်းလို့ ဒေါင်းပြီးမစမ်းပေးနိုင်လို့ပါ။

Download Link


Graffiti Studion 2.0 (26 MB)



Graffiti Studion 2.0 (3.92 MB)



Shadow Defender 1.1.0.236



မိတ်ဆွေတို့ Deep Freeze  ဆိုရင် သိမယ်ထင်ပါတယ်။မသိတဲ့သူများအတွက် ထပ်ပြီးပြောပါမယ်။
မိမိရဲ့စက်ကို virus ရန်ကဝေးအောင် virus မ၀င်ခင် စိတ်ချရတဲ့အခြေအနေတစ်ခုမှာ Deep Freeze
အုပ်ပြီးထားမယ်ဆိုရင် ဘယ်လိုအခြေအနေရောက်ရောက် restart ချလိုက်တာနဲ့ နဂိုအတိုင်းပြန်ဖြစ်
အောင်လုပ်တဲ့ကောင်ပေါ့။ဒါပေမယ် Deep Freeze  က partition တစ်ခုလုံးကိုအုပ်ထားလို့ရတာ။ပြီး
တော့ virus အရမ်းကြီးတဲ့ကောင်ဆိုရင် အလိုလို ပြုတ်ပြီး virus လည်း ၀င်တတ်သေးတယ်။အခုကျွန်
တော်ပြောမယ့်  Shadow Defender ဆိုတာကတော့ partition တစ်ခုလုံးကို မချချင်ရင်လည်းချန်ထား
ခဲ့ကိုရတယ်။အဲ...... အဲဒီချန်ထားတဲ့အပိုင်းမှာ virus ၀င်ရင်တော့ ကျွန်တော်နဲ့ မဆိုင်ဘူးနော် :P
လိုချင်တဲ့သူများ အောက်ကလင့်မှာယူလိုက်ကြပါ။ File Size ကလည်း 2 MB လောက်ပဲရှိပါတယ်။
Deep Freeze ကိုပဲသိပြီး ဒီကောင်လေးကိုသိတဲ့သူသိပ်ပြီး မရှိသေးဘူးထင်လို့ တင်ပေးလိုက်ပါတယ်။
 

Download Link


Shadow Defender 1.1.0.326


Saturday, June 8, 2013

Facebook အကောင့်အသစ်ကို ဖုန်းနံပါတ်မလိုပဲလုပ်နည်း


မင်္ဂလာပါခင်ဗျာခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့facebookအကောင့်အသစ်ဖွင့်ရင်
လော့ကျကျနေတယ်ပြောလို့အဆင်ပြေနိုင်ဆုံးနည်းလမ်းလေးကိုပြန်လည်ဝေမျှပေးတာ
ဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကိုယ်တိုင်အကောင့်လေးခုလောက်စမ်းပြီးဖွင့်ပေးပြီးသွားပါပြီး
လော့မကျပါဘူးအဆင်ပြေပါတယ်။ 

သူငယ်ချင်းအားလုံးလည်းဒီနည်းလမ်းလေးကိုအသုံးပြုကြည့်နိုင်ပါတယ်ခင်ဗျာ။စမ်းသပ်ကြည့်
မဲ့သူငယ်ချင်းများအတွက် အသုံးဝင်မှာပါ။ proxy တွေ ကျော်သုံးစရာလည်းမလိုပါဘူး Firefox 
browser လေးနဲ့ဖွင့်မဲ့နည်းလမ်းလေးကိုပြောပါ့မယ်။ဒါနဲ့ဘယ်လိုစမ်းမိသွားလည်းဆိုတော့ လာ
လာနှိပ်စက်တဲ့သူတွေ ရှိနေလို့ပါ မနေနိုင်လို့ လုပ်ပေးရင်းနဲ့ ဒီနည်းလမ်းလေးတွေ့သွားတာပါ။ 
အရင်ဆုံးfacebookအသုံးပြုဖို့အတွက်mailတစ်ခုရှိဖို့လိုအပ်ပါတယ်ရှိပြီးသားသူငယ်ချင်းတွေအ
တွက်တော့ ဒီအဆင့်ကမလိုပါဘူးမရှိသေးတဲ့သူငယ်ချင်းများအတွက်တော့ mailတစ်ခုဖွင့်လိုက်ပါ။
ဘာမေးဖြစ်ဖြစ်ပါအလွယ်ဆုံးကတော့yahoo.comမှာyahoomailအသစ်တစ်ခုသွားဖွင့်လိုက်ပါ။အ
ကောင့်လုပ် နည်းလေးပါ တစ်ခါတည်းပြောပေးပါ့မယ်ခင်ဗျာ။  







Wednesday, June 5, 2013

Brush For Photoshop


ဒီတစ်ခါတော့ brush လေးတွေဖြစ်ပါတယ်။ပုံကိုမြင်ရုံနဲ့ကြိုက်မယ်လို့ထင်ပါတယ်။
 ထွေထူးပြီးမပြောတော့ပါဘူး။လိုချင်သူများ အောက်ပါနည်းလမ်းများအတိုင်းအသုံး
 ပြုနိုင်ပါတယ်။

 အသုံးပြုနည်းလမ်းညွန်

 ၁.ဒေါင်းလုပ် လုပ်၍ ရလာသော ဖိုင်ကို ဖြည်လိုက်ပါ။

၂.abr extension နှင့် ဖိုင်များကို ကော်ပီကူးပြီး
 (eg : C:\Program File\Adobe\Photoshop CS \ Present\Brush ဖိုလ်ဒါ ထဲသို့သွားပြီး
  paste လုပ်ပါ။

 ၃.photoshop ဖွင့်ပြီး F5 ကိုတစ်ချက် နှိပ်လိုက်ပါ။ (brush box ကျလာပါမယ်)

၎.brush palette ညာဘက်ဘေးနားရှိ မျဉ်းသုံးကြောင်းနှင့် တြိဂံပုံငယ်ကို ကလစ်လိုက်ပါက
မိမိထည့်လိုက်တဲ့Brush နာမည်များတွေ့ရပါလိမ့်မယ်။

 ၅.ထိုနာမည်များထဲမှ မိမိကြိုက်နှစ်သက်ရာတခုကိုရွေးချယ်ပြီး ကလစ်ပါက box တခုကျလာပါမည်။

 ၆.Append ကို ရွေးပေးပါ။

 ၇.ပုံတစ်ပုံကို ရွေးချယ်ပြီး Tool box မှ brsuh tool ကိုရွေးချယ်ကာ ထိုပုံပေါ်ကိုကလစ်ကြည့်ပါ။ opacity ,
master diameter တို့ချိန်ညှိကာ မိမိစိတ်ကြိုက်ပြင်ဆင်နိုင်ပါပြီ။
(အခြားသော bursh များကိုလည်း အထက်ပါနည်းအတိုင်းထည့်ယူရပါမည်)


Download Link

Brush Collection


Brush Collection

Text Style For Photoshop


Text Style တွေကို ကြည့်ပြီး ပုံတုံးတုံးကြီးတွေလို့ မထင်လိုက်ပါနဲ့။ မိမိစိတ်ကူးရှိသလောက် ပြန်လည်ပြင်ဆင်ပြီးအကောင်းဆုံးအဖြစ်ပြု
လုပ်နိုင်ပါတယ်။မသုံးတတ်သူတွေအတွက်ကလည်း အသင့်သုံးဖြစ်လို့
 မိမိအကြိုက်တွေ့ရာပုံစံများကိုရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။


 အသုံးပြုနည်းလမ်းညွန်

၁.ဒေါင်းလုပ် လုပ်၍ ရလာသော ဖိုင်ကို ဖြည်လိုက်ပါ။

၂.ASL extension နှင့် ဖိုင်များကို ကော်ပီကူးပြီး
(eg : C:\Program File\Adobe\Photoshop CS \ Present\Style
 ဖိုလ်ဒါ ထဲသို့သွားပြီး paste လုပ်ပါ။

 ၃.photoshop ဖွင့်ပြီး windows မှ styles ကို check mark ဖြစ်အောင်
 တစ်ချက် ကလစ်ပါ။ (check mark ဖြစ်ပြီးပါက ကလစ်စရာမလိုပါ)

၎.style palette ညာဘက်ဘေးနားရှိ မျဉ်းသုံးကြောင်းနှင့် တြိဂံပုံငယ်ကို
ကလစ်ကိုက်ပါက မိမိထည့်လိုက်တဲ့ test style နာမည်များတွေ့ရပါလိမ့်မယ်။

၅.ထိုနာမည်များထဲမှ မိမိကြိုက်နှစ်သက်ရာတခုကိုရွေးချယ်ပြီး ကလစ်ပါက
box တခုကျလာပါမည်။

 ၆.Append ကို ရွေးပေးပါ။

၇.မိမိပြောင်းလိုသော စာသားကိုရွေးချယ်ထားပြီး text style တခုခုကို ကလစ်
ကြည့်ပါ။ပြောင်းလဲသွားပါလိမ့်မည်။

Download Link

Test Style

Tuesday, June 4, 2013

Noise Ninja 2.4.1 For Photoshop


ကျွန်တော် ဓါတ်ပုံရိုက်တာပဲ ၀ါသနာပါတာပါ။ဓါတ်ပုံပြင်တာကိုတော့သိပ်ပြီးစိတ်မ၀င်စားခဲ့ပါဘူး။ဒါပေမယ့် တစ်ခုခုကိုလိုချင်ရင် မရမချင်းရှာတတ်ပါတယ်။ အခုလည်း ကျွန်တော်က ဓါတ်ပုံသိပ်ပြီးမပြင်တတ်တော့
plug - in သုံးပြီးပြင်ဖို့ ရှာနေရင်းတွေ့လာတာလေး မျှဝေချင်ပါတယ်။အဲဒါကတော့ ဓါတ်ပုံသမား တိုင်းလက်စွဲ သုံးတဲ့ Noise Ninja ဆိုတာလေးပါပဲ။ဓါတ်ပုံသမားတွေအတွက် ထွေထူးပြီးပြောဖို့မလိုလောက်ပါဘူး ။ပြောနေ တာကြာပါတယ်................ လိုချင်သူများအောက်မှာ ယူထားလိုက်ကြပါ။နောက် ပို့စ်တွေမှာလည်း photoshop
နဲ့ ပတ်သက်တဲ့ plug - in,brush နှင့် text style များကို လည်း အသုံး ပြုနည်းများနဲ့ တင်ပေးသွားပါ့မယ်။

Download Link

Noise Ninja

Saturday, June 1, 2013

John NES Lite MP4 Game Player


အရင်တရက်က တင်ပေးသွားတာက NES Game တွေကို PC ပေါ်မှာဆော့ဖို့အတွက်ပါ။ဒီတစ်ခါကတော့
 NES Game တွေကို Android ဖုန်းတွေပေါ်မှာဆော့နိုင်တဲ့ Player လေးပါ။ဆော့လို့ရဖို့အတွက်ကလွယ်လွယ်
လေးပါ။မိမိလိုချင်တဲ့ NES Game တွေကို အရင်ဆုံး ဒေါင်းထားလိုက်ပြီး Memeory Card ထဲမှာ NES ဆိုပြီး Folder တခုလုပ်ပြီးထည့်ထားလိုက်ပါ။ပြီးရင် NES Player ကိုဖွင့်ပြီး မိမိ Game တွေ ထည့်ထားတဲ့ Folder Direction ကို ညွှန်းပေးပြီး Scan ဖတ်ခိုင်းလိုက်ပါ။ဒါဆိုရင် မိမိ ဆော့ချင်တဲ့ ဂိမ်းကို ပေါ်လာတဲ့ List ထဲမှာရှာ      ပြီးဆော့လို့ရပါပြီ။

Download Link

John NES Player For Android

Custom Caledar Gadgets


Windows 7 , Windows Vista သမားတွေအတွက် Custom Calendar Gadgets လေးပါ။
 Windows မှာ Default ပါလာတာက ပြင်ဆင်ခွင့်မရပါဘူး။ဒီကောင်လေးကတော့ မိမိစိတ်
ကြိုက် အရောင်၊ ပုံ ၊ Fonts စတိုင်တွေပြောင်းနိုင်ပါတယ်။ကြိုက်တယ်ဆိုရင်တော့ အောက်မှာ
ဒေါင်းလိုက်ပါ။
Download Link

Custom Calendar