Saturday, June 8, 2013

Facebook အကောင့်အသစ်ကို ဖုန်းနံပါတ်မလိုပဲလုပ်နည်း


မင်္ဂလာပါခင်ဗျာခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့facebookအကောင့်အသစ်ဖွင့်ရင်
လော့ကျကျနေတယ်ပြောလို့အဆင်ပြေနိုင်ဆုံးနည်းလမ်းလေးကိုပြန်လည်ဝေမျှပေးတာ
ဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကိုယ်တိုင်အကောင့်လေးခုလောက်စမ်းပြီးဖွင့်ပေးပြီးသွားပါပြီး
လော့မကျပါဘူးအဆင်ပြေပါတယ်။ 

သူငယ်ချင်းအားလုံးလည်းဒီနည်းလမ်းလေးကိုအသုံးပြုကြည့်နိုင်ပါတယ်ခင်ဗျာ။စမ်းသပ်ကြည့်
မဲ့သူငယ်ချင်းများအတွက် အသုံးဝင်မှာပါ။ proxy တွေ ကျော်သုံးစရာလည်းမလိုပါဘူး Firefox 
browser လေးနဲ့ဖွင့်မဲ့နည်းလမ်းလေးကိုပြောပါ့မယ်။ဒါနဲ့ဘယ်လိုစမ်းမိသွားလည်းဆိုတော့ လာ
လာနှိပ်စက်တဲ့သူတွေ ရှိနေလို့ပါ မနေနိုင်လို့ လုပ်ပေးရင်းနဲ့ ဒီနည်းလမ်းလေးတွေ့သွားတာပါ။ 
အရင်ဆုံးfacebookအသုံးပြုဖို့အတွက်mailတစ်ခုရှိဖို့လိုအပ်ပါတယ်ရှိပြီးသားသူငယ်ချင်းတွေအ
တွက်တော့ ဒီအဆင့်ကမလိုပါဘူးမရှိသေးတဲ့သူငယ်ချင်းများအတွက်တော့ mailတစ်ခုဖွင့်လိုက်ပါ။
ဘာမေးဖြစ်ဖြစ်ပါအလွယ်ဆုံးကတော့yahoo.comမှာyahoomailအသစ်တစ်ခုသွားဖွင့်လိုက်ပါ။အ
ကောင့်လုပ် နည်းလေးပါ တစ်ခါတည်းပြောပေးပါ့မယ်ခင်ဗျာ။  













အောက်ကအဆင့်မှာတော့တစ်ခါတစ်လေးဖုန်းနံပါတ်လေးထည့်ပြီးverifyလုပ်ခိုင်းပါတယ် တစ်ခါတစ်လေကျတော့လည်း eye test စာလုံးလေးတွေ မှန်အောင်ရိုက်ခိုင်းပြီးတော့
လုပ်ရပါတယ်။ အကောင့်ရသွားပြီ ဆိုရင်တော့ firefox ကိုပိတ်လိုက်ပါ။ windown 
logo နဲ့ R ကိုတွဲနှိပ်လိုက်ပါ။ Run box တတ်လာပါလိမ့်မယ် အဲဒီ run box ထဲမှာ 
%appdata% ဆိုတာရိုက်ပြီး enterနှိပ်လိုက်ပါ။ ဖိုဒါတွေများကြီးတတ်လာပါလိမ့်မယ်။ 
အဲဒီထဲကမှ mozilla ဖိုဒါကိုရှာပြီး Shift Delet နှိပ်ပြီး ဖျက်ပစ်လိုက်ပါ။ 



ဖျက်ပြီးသွားရင်တော့ firefox icon လေးကို နှိပ်ပြီး ဖွင့်လိုက်ပါ။ Install လုပ်စဉ်ကအ
တိုင်း setting ပြန် run ပါလိမ့်မယ် ပြီးသွားရင် firebox တတ်လာပါပြီခင်ဗျာ။ facebook အကောင့်လုပ်ဖို့အတွက် www.facebook..com သို့သွားလိုက်ပါ။

-->အကောင့်ရသွားရင်တော့ နောက်တစ်မျက်နှာရောက်သွားပါလိမ့်မယ် ။ 


Save & Continue ကိုနှိပ်လိုက်ပါ set profile picture ကိုရောက်သွားပါလိမ့်မယ်။

ပြီးသွားရင်တော့ save & continue ကိုနှိပ်လိုက်ပါ home page တတ်လာပါပြီ 
အဲဒီမှာ go to your gmailဆိုတာလေး ပေါ်လာပါလိမ့်မယ် မနှိပ်လိုက်ပါနဲ့ နှိပ်လိုက်
ရင်တော့ lock ကျပါပြီ တစ်ခါတစ်လေလည်းမကျပါဘူး ကျတာက များပါတယ်။ 

ဘာပဲဖြစ်ဖြစ်မနှိပ်ပါနဲ့ firefox မှာ New Tab  ခေါ်လိုက်ပါ။ မိမိအကောင့်လုပ်တဲ့ mail 
ကိုဖွင့်လိုက်ပါ။ facebook က ပို့ထားတဲ့ Just for one more step ဆိုတဲ့ မေးလ်လေး
ရောက်ပါလိမ့်မယ် အဲဒါဆိုရင်တော့ ပထမဖွင့်ထားတဲ့ facebook page မှာ news feeds
ကနေ post အသစ်တစ်ခုလောက်ချက်ခြင်းတင်လိုက်ပါ။တင်ပြီးသွားရင်တော့ မေးထဲမှာ
 facebook ကပို့ထားတဲ့မေးကို ဖွင့်ပြီး activate လုပ်လို့ရပါပြီ။


  
facebook အကောင့် complete singup လုပ်သွားပါလိမ့်မယ်။ ခုဆိုရင် facebook အကောင့်ကိုလော့မကျအောင် ဖွင့်နည်းလေး ပြီးပါပြီး ဖုန်းထဲမှာပဲ ဖြစ်ဖြစ်အကောင့်ကို 
sing out လုပ်ပြီး ပြန်ဝင်ကြည့်တာပဲဖြစ်ဖြစ်လုပ်ကြည့်နိုင်ပါတယ် ခင်ဗျာ။ စမ်းသပ်ပြီး
သားလေး အဆင်ပြေအောင် ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ။ gmail ရှိပြီးသား 
သူငယ်ချင်းများလည်း gmail အကောင့်နဲ့ဖွင့်နိုင်ပါတယ်ခင်ဗျာ။လာရောက်အားပေးကြတဲ့
သူငယ်ချင်းများကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။

Credit : ပြည်(ITShareint)


No comments:

Post a Comment

Download Link များ အလုပ်မလုပ်ပါက comment ချန်ခဲ့ပေးပါ။
(သင်တို့ရဲ့စကားတစ်ခွန်းကကျွန်တော့်အတွက်အားဆေးတစ်ခွက်ပါ။)