TTPod Player မှာ မြန်မာသီချင်းများကိုစာသား(Lyric)ပါမြင်ရအောင်ပေါင်းထည့်နည်းလေးရေးပါ့မယ်။
TTPodဆိုတာကနိုင်ငံခြားသီချင်းများကိုတော့Onlineကနေဒေါင်းယူပြီးသီချင်းစာသား(lyric)နဲ့အဆိုတော်
ပုံများကို offline နားထောင်လို့ရ တဲ့ Player လေးပါ။မြန်မာသီချင်းအတွက်တော့ ဒီပို့စ်လေးက အထောက် အကူဖြစ်စေရန် ရေးသားဖော်ပြလိုက်ပါတယ်။ တစ်ဆင့်ချင်းရေးသွားမှာမို့ စာအရမ်းရှည်နေမယ်ဆိုရင် စိတ်ရှည်ရှည်နဲ့ဖတ်ပေးပါ။
လိုအပ်ချက်များ
1.သီချင်း(ပြုလုပ်လိုသော)
2.အဆိုတော်ပုံ(or)အခွေကာဗာပုံ
3.သီချင်းစာသား
အထက်ပါ ၃ ခု အသင့်ရှိပြီးပြီဆိုရင် စလို့ရပါပြီ။
A.သီချင်းနာမည်ပြင်ပါမယ်။ (eg. Ye Yint Aung - Lwan Lon Loh.mp3)
B.စာသားပြုလုပ်ဖို့အတွက်တော့
a.Windows Key + R (or) Start Menu > Notepad
b.File >Save >Ye Yint Aung - Lwan Lon Loh.lrc
c.Endecoding >Unicode ကိုရွေးပြီး Save ပေးပါ။
C.Ye Yint Aung.jpeg ကို Rename ရွေးပြီး .jpeg ကိုဖျက်ပေးပါ။
တကယ်သိမ်းမှာလားလို့မေးရင် yes ကိုရွေးပါ။ (အထက်ကအဆင့်တွေမှာ.mp3,.lrc,.jpeg တို့ မမြင်ရတဲ့သူများကအောက်ပါအတိုင်းပြုလုပ်ပေးပါ)
For Windows XP
Tools >Folder Opitons>View >Hide extensions for known file types က check mark လေးဖြုတ်ပြီး apply လုပ်ပေးပါ။
For Windows 7
Organize>Folder Opiton>View >Hide extensions for known file types က check mark လေးဖြုတ်ပြီး apply လုပ်ပေးပါ။ဒါဆိုမြင်ရပါပြီ။
ကဲ သီချင်းစာသားပြင်မယ်နော်။အဲဒီအတွက် Jetaudio Player သုံးပြီးပြင်ပါမယ်။လိုအပ်ရင်ဒီမှာ
ယူနိုင်ပါတယ်။
Jetaudio ကို install လုပ်ပြီးသွားပြီဆိုရင် မိမိပြင်လိုတဲ့သီချင်းကို right click ထောက်ပြီး jetaudion >edit tag
ကိုသွားပါ။BasicTagကိုရောက်ပါမယ်။အဲဒီမှာTitle,Artistတို့ကသီချင်းမှာမိမိပေးထားတဲ့နာမည်တွေနဲ့တူရ

ပါမယ်။space တစ်ချက်လေးတောင်လွဲလို့မရပါဘူး။ပြင်စရာရှိတာပြင်ပြီးရင် apply လုပ်ထားပေးပါ။ပြီးရင်
lyric tag ကိုသွားပါ။Run Lyrice Maker ကို ကလစ်ပြီးမိမိပြုလုပ်လိုတဲ့သီချင်းစာသားများအား ကော်ပီကူး
ယူပြီးpasteချပေးပါ။(စာသားများကသီချင်းအလိုက်ဖြတ်တောက်ပြီးသားဖြစ်ရပါမယ်၊zawgyifont မြင်ရမှာ
မဟုတ်လို့ပါ။)စာသားများရဲ့ အစဆုံးစာကြောင်းရှေ့မှာ cusor ချပြီး သီချင်းကို Playလုပ်၊သီချင်းသံစဉ်အ
လိုက်အစိမ်းရောင်အမှန်ခြစ်လေး(F9)ကိုကလစ်ပြီးမိနစ်လေးတွေလိုက်ထည့်ပေးပါ။သီချင်းတစ်ပုဒ်လုံးပြီး
သွားပြီဆိုရင် ctrl + A နဲ့ copy ကူးပြီး အထက်မှာ save ထားခဲ့တဲ့ Ye Yint Aung.lr ဆိုတဲ့ဖိုင်ထဲမှာ Pasteချပြီး
(over write)saveလိုက်ပါ။jetaudio က ဟာကိုတော့ cancel နဲ့ ပိတ်လိုက်လို့ရပါပြီ။
TTPod ထဲကို သီချင်းထည့်ပါတော့မယ်။TTPod ကို ဖုန်းမှာ install လုပ်ပြီးသားဆိုရင် မိမိ install လုပ်ထားတဲ့ directory (phmemory,sdcard)ထဲကttpodfolderထဲကိုဝင်လိုက်ပါ။app,art,bkgs,Equalizer,lyric,song,splashဆိုတဲ့ folderတွေ တွေ့ရပါလိမ့်မယ်။
song folder ထဲကို Ye Yint Aung - Lwan Lon Loh.mp3 ထည့်ပါ
lyric folder ထဲကို Ye Yint Aung - Lwan Lon Loh.lrc ထည့်ပါ
art/artist folder ထဲကို Ye Yint Aung ထည့်ပါ။
အဲဒီသုံးခုထည့်ပြီးသွားပြီဆိုရင် Menu >Scan Media > Scan Folder > ttpod >scan နှိပ်ပေးပါ။
Completeလို့ပြပြီဆိုရင် Artist /Songs မှာရှာကြည့်လိုက်ပါ။မိမိထည့်လိုက်တဲ့ သီချင်းနာမည်နဲ့တွေ့ရပြီလားလို့။
playလုပ်ကြည့်လိုက်ပါအုံး။သီချင်းစာသားနဲ့နောက်ခံပုံလေးကော မြင်ရရဲ့လားသိရအောင်။အားလုံးမြင်ရတယ်

ဆိုရင်တော့အိုကေပြီပေါ့နော်။နမူနာလုပ်ထားပေးတဲ့သီချင်း၊စာသား၊ပုံကိုအောက်မှာဒေါင်းလုပ်လုပ်ယူနိုင်ပါ
တယ်။အဆင်မပြေတာများရှိခဲ့ရင်လည်း comment ပေးခဲ့ကြပါ။
မြန်မာသီချင်းစာသားများကိုဒီမှာရှာနိုင်ပါတယ်။
အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ရဲ့ Facebook Pageကို Like လုပ်ပေးကြပါအုံးနော်။
No comments:
Post a Comment
Download Link များ အလုပ်မလုပ်ပါက comment ချန်ခဲ့ပေးပါ။
(သင်တို့ရဲ့စကားတစ်ခွန်းကကျွန်တော့်အတွက်အားဆေးတစ်ခွက်ပါ။)